သုဓမ္မဝတီမြို့သစ် ရေရရှိရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား

Authentic မှ တာဝန်ယူ တည်ဆောက်ခဲ့သော သထုံမြို့ သုဓမ္မဝတီမြို့သစ် ရေရရှိရေးလုပ်ငန်းဖွင့်ပွဲအား (၂၉.၄.၂၀၁၇) တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဝါးပါးဆည်မှ ရေရယူ၍ ဂါလံ တစ်သိန်း ရေစုကန်သို့ ရေသိုလှောင်ကာ ရေအခက်အခဲဖြစ်နေသော မြို့သစ်အတွင်းရှိ ရပ်ကွက်များသို့ ပိုက်လိုင်းသွယ်တန်းကာ ရေစုကန်များဖြင့် ရေပေးဝေလျက်ရှိပါသည်။ ယခုအခါ ဒေသခံ ပြည်သူများ ရေဖောဖောသီသီ သုံးစွဲနိုင်ယုံသာမက အနီးအနားရှိ ရပ်ကွက်ပြည်သူများပါ ရေရယူ သုံးစွဲနိုင်ပြီ ဖြစ်ပါသည်။ လုပ်ငန်းပြီးမြောက်အောင်မြင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုး ကူညီပေးပါသော ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရေရရှိရေးကော်မတီမှ လူကြီးမင်းများ အားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။