တမူးမြို့သောက်သုံးရေရရှိရေးဖွင့်ပွဲအခမ်းအနား

စိမ့်ဖြာရေလိုင်းမှ ရေသန့်စင်ရယူခြင်း (Infiltration Galleries)
တမူးမြို့ ရေပေးဝေရေးအတွက် ရေရယူမည့် မဟူရာချောင်းသည် မိုးရာသီတွင် ရေနောက်ကျိ၍ နွေနှင့်မိုး ရေအတက်အကျ မြင့်မားသောကြောင့် နွေမိုးဆောင်း သုံးရာသီလုံး ကြည်လင်သန့်ရှင်းသောရေရရှိရေးအတွက် ကုမ္ပဏီမှ ကွင်းဆင်းတိုင်းတာခြင်းနှင့် ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲ ပုံစံထုတ်၍ တည်ဆောက်ခဲ့ပါသည်။
ဒီဇိုင်းအရ ချောင်းရေအား တိုက်ရိုက်မယူပဲ ချောင်းကြမ်းပြင်အောက်တွင် စိမ့်ဖြာရေလိုင်းများ (infiltration galleries) ခင်းကျင်းတည်ဆောက်၍ ရေစုတွင်း (intake well) တွင် ရေစုစေကာ ရေတွန်းစက်ဖြင့် မြို့ကုန်းပေါ်ရှိ ရေဂါလံ ၂ သိန်းသို့ တွန်းတင်ပြီး ရေစုကန်မရောက်မီ အကြမ်းရေသန့်စင်ခြင်း (roughing filter) ဖြင့် ထပ်မံ ရေစစ်ယူစေပါသည်။ ထိုမှ မြို့ရပ်ကွက်များသို့ ရေပေးဝေရေး ပိုက်လိုင်းများဖြင့် ရေပေးဝေနိုင်ရန် တည်ဆောက်ခဲ့ပါသည်။
ယခုအခါ  ၎င်းလုပ်ငန်းများ တည်ဆောက်ပြီးစီး၍ (၄.၅.၂၀၁၇)တွင် ဖွင့်ပွဲ ကျင်းပခဲ့ကာ ကြည်လင်သန့်ရှင်းသောရေရရှိစေသော ရေရယူစနစ်နှင့် ရေသန့်စင်စနစ်၏ အကျိုး ရလာဒ်များကို မြို့နေ ပြည်သူများ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီးဖြစ်ပါသည်။ 
ထိုသို့ အဆိုပါ လုပ်ငန်းအား ဆောင်ရွက်ရန် ယုံကြည်စွာ အပ်နှင်းပေးပါသော နယ်စပ်စည်ပင် ပြည်ထောင်စုဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီခန့်ကော်မတီဝင်များ နှင့် ရေပေးဝေရေး ကော်မတီ လူကြီးမင်းများ အားလုံးအား ကျေးဇူး အထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။