+ 95-1-655690
Events and Donations

Donation HQ Upflow Biofilter Septic Tank
သဘာဝတရားရိပ်သာ (သန်လျင်) တွင် မိလ္လာကန်များ လျှံထွက်ပြီး အနံ့ဆိုးများ ထွက်၍ အနီးပတ်ဝန်းကျင်အား ထိခိုက်နေသောကြောင့် Authentic ၏ HQ Upflow Biofilter Septic Tank (အသင့်တည်ဆောက်ပြီး အဆင့်မြင့်မိလ္လာကန်) နှင့် Drain field ပေါင်းစပ်၍ အနံ့အားလုံးကင်းစင်အောင် မိမိထုတ်လုပ်သော ပစ္စည်း၊ တတ်သိပညာဖြင့် လှူဒါန်းခဲ့ပါသည်။
read more >
မဟာဝိနယစင်တာ (ငါးဆူတောင်) ရေသန့်စင်စနစ်တည်ဆောက်လှူဒါန်းခြင်း
ပါမောက္ခချုပ် ဆရာတော်ကြီး တည်ထောင်သော မဟာဝိနယစင်တာ (ငါးဆူတောင်)တွင် လာရောက် သီတင်းသုံး ပညာဆည်းပူးတော်မူသော ပြည်တွင်း/ပြည်ပ ဆရာတော်များ၊ သီလရှင်များ၊ ယောဂီများအတွက် သန့်ရှင်းစင်ကြယ်သော သုံးရေနှင့် ကျန်းမာရေးအရညီညွှတ်သော သောက်သုံးရေ ရရှိရန်အတွက် ကိုယ်ပိုင်တတ်သိပညာဒီဇိုင်း၊ ကိုယ်ပိုင်ထုတ်လုပ်သော ပစ္စည်းများဖြင့် ရေသန့်စင်စနစ်နှင့် ဆက်စပ်အဆောက်အဦးများအား တည်ဆောက်လှူဒါန်းခဲ့ပါသည်၊ ဤသို့လှူဒါန်းခွင့်ရသော လှူဒါန်းရသောကုသိုလ်အကျိုးကြောင့် သုံးစွဲသူအပေါင်းတို့သည်လည်းကောင်း၊ လှူဒါန်းရသူတို့သည်လည်းကောင်း ရေအကျိုးဆယ်ပါးနှင့် ပြည့်စုံကြရပါစေသား။
read more >
သုဓမ္မဝတီမြို့သစ် ရေရရှိရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား
Authentic မှ တာဝန်ယူ တည်ဆောက်ခဲ့သော သထုံမြို့ သုဓမ္မဝတီမြို့သစ် ရေရရှိရေးလုပ်ငန်းဖွင့်ပွဲအား (၂၉.၄.၂၀၁၇) တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဝါးပါးဆည်မှ ရေရယူ၍ ဂါလံ တစ်သိန်း ရေစုကန်သို့ ရေသိုလှောင်ကာ ရေအခက်အခဲဖြစ်နေသော မြို့သစ်အတွင်းရှိ ရပ်ကွက်များသို့ ပိုက်လိုင်းသွယ်တန်းကာ ရေစုကန်များဖြင့် ရေပေးဝေလျက်ရှိပါသည်။ ယခုအခါ ဒေသခံ ပြည်သူများ ရေဖောဖောသီသီ သုံးစွဲနိုင်ယုံသာမက အနီးအနားရှိ ရပ်ကွက်ပြည်သူများပါ ရေရယူ သုံးစွဲနိုင်ပြီ ဖြစ်ပါသည်။ လုပ်ငန်းပြီးမြောက်အောင်မြင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုး ကူညီပေးပါသော ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရေရရှိရေးကော်မတီမှ လူကြီးမင်းများ အားလုံးအား အထူးကျေးဇူးတင်ရှိပ
read more >
တမူးမြို့သောက်သုံးရေရရှိရေးဖွင့်ပွဲအခမ်းအနား
စိမ့်ဖြာရေလိုင်းမှ ရေသန့်စင်ရယူခြင်း (Infiltration Galleries)
တမူးမြို့ ရေပေးဝေရေးအတွက် ရေရယူမည့် မဟူရာချောင်းသည် မိုးရာသီတွင် ရေနောက်ကျိ၍ နွေနှင့်မိုး ရေအတက်အကျ မြင့်မားသောကြောင့် နွေမိုးဆောင်း သုံးရာသီလုံး ကြည်လင်သန့်ရှင်းသောရေရရှိရေးအတွက် ကုမ္ပဏီမှ ကွင်းဆင်းတိုင်းတာခြင်းနှင့် ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲ ပုံစံထုတ်၍ တည်ဆောက်ခဲ့ပါသည်။

Water Donation
ရန်ကုန်မြို့ရှိ ရေတွန်းစက်ရုံများ မီးပျက်၍ ရေပေးဝေနိုင်ခြင်းမရှိသော အရှေ့ဒဂုံ၊ တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များရှိ ရပ်ကွက်များ သို့ ရန်ကုန်စည်ပင်သာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၏ ဦးဆောင်မှုဖြင့် ရေလိုက်လံ ပေးဝေသောလုပ်ငန်းအား (၂၅.၄.၂၀၁၉) ရက်နေ့မှ စ၍ လိုအပ်သည့် အချိန်အထိ Authentic ကုမ္မဏီမှ ဂါလံ (၂၀၀၀)ဆံ့ ရေကား ၂စီးဖြင့် ပူပေါင်းပါဝင်ကာ လုပ်အားဒါနကုသိုလ် အလှူပြုလျက်ရှိပါသည်။
read more >
CSR Strategy and Action Plan Workshop
Authentic Group of Companies ၏ လက်ရှိ CSR မူဝါဒများ နှင့် လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ပြီး လာမည့် ၂၀၂၀ ခုနှစ်မှစတင်၍ အဖွဲ့အစည်းအတွင်းအပြင်မှ ပတ်သက်ဆက်နွယ်သူများ (Stakeholders) နှင့် လူ့အဖွဲအစည်းအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ပိုမိုအားကောင်းလာစေမည့် High Impact CSR မူဝါဒသစ်၊ မဟာဗျူဟာသစ်နှင့် စီမံချက်၊ လုပ်ဆောင်ချက်အသစ်များ ရေးဆွဲ အကောင်အထည်ဖော်နိုင်စေဖို့ တစ်ရက်တာ CSR Strategy and Action Plan Workshop ကို Member Companies မှ Senior Management and Leadership ၏ ပါဝင်ဆွေးနွေးမှုများနှင့်အတူ ၂၆ ရက် အောက်တိုဘာလ ၂၀၁၉ နေ့တွင် ကျင်းပခဲ့ပါသည်။ Impact Institute: Center for Management
read more >
CSR Strategy and Action Plan Workshop
Authentic Group of Companies ၏ လက်ရှိ CSR မူဝါဒများ နှင့် လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ပြီး လာမည့် ၂၀၂၀ ခုနှစ်မှစတင်၍ အဖွဲ့အစည်းအတွင်းအပြင်မှ ပတ်သက်ဆက်နွယ်သူများ (Stakeholders) နှင့် လူ့အဖွဲအစည်းအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ပိုမိုအားကောင်းလာစေမည့် High Impact CSR မူဝါဒသစ်၊ မဟာဗျူဟာသစ်နှင့် စီမံချက်၊ လုပ်ဆောင်ချက်အသစ်များ ရေးဆွဲ အကောင်အထည်ဖော်နိုင်စေဖို့ တစ်ရက်တာ CSR Strategy and Action Plan Workshop ကို Member Companies မှ Senior Management and Leadership ၏ ပါဝင်ဆွေးနွေးမှုများနှင့်အတူ ၂၆ ရက် အောက်တိုဘာလ ၂၀၁၉ နေ့တွင် ကျင်းပခဲ့ပါသည်။ Impact Institute: Center for Management
read more >
Laiva-Falam Water Supply Project Opening Ceremony
read more >
27000 Liter/Day Drinking Water Facility
နွေရာသီတွင် သောက်သုံးရေ အခက်အခဲ ဖြစ်နေသော ဆိပ်ကြီးခနောင်တိုမြို့ ရပ်ကွက်ပြည်သူများနှင့် မြို့နယ် ပြည်သူ့ဆေးရုံ အတွက် တစ်နေ့ ရေလီတာ ၂၇၀၀၀ ထွက်ရှိသော သောက်ရေသန့်စက်ရုံ အဆောက်အဦ နှင့် ကန်ရေကို သန့်စင်သော စနစ် အဆင့်ဆင့် အပါအ၀င် ၂၀ လီတာ ရေသန့်ဗူး ၅၀၀ နှင့် ရေသန့်ဗူး ဆေးစက် အပြည့်အစုံအား Authentic Group မှ တည်ဆောက် တပ်ဆင်၍ (၁၉. ၁၂. ၂၀၁၉) ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားဖြင့် လှူဒါန်းမှုပြုခဲ့ပါသည်။ အမှန်တကယ် လိုအပ်သောနေရာတွင် အကျိုးဖြစ်စေသည့် လှူဒါန်းမှုအတွက် Authentic ကုမ္ပဏီ မိသားစုမှ ၀မ်းသာပီတိဖြစ်မိပါသည်။
read more >